Wednesday, February 13, 2008

မေမေ့စကား

မနေ့က ကျွန်မရဲ့ အလုပ်ကိစ္စတစ်ခုကြောင့် တစ်နေ့လုံးအချိန်ကုန်သွားတယ်။ ကျွန်မ blog မှာ post အသစ်မတင်ဖြစ် ဘူး။ ရောက်ရောက် ခြင်း c-box ကိုဖွင့်ကြည့်တော့ “ pls, take care your blog security” ကျွန်မအရမ်းလန့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မရဲ gmail account ကို data အဖောက်ခံရတာ နှစ်ခါရှိပြီးလေး။ ကျွန်မကလည်း ကျွန်မပါဘဲ account တွေကို signout လုပ်ဖို့ အရမ်းအမေ့သန်တာ။ ဒီ blog account ကို hack လုပ်ခံရပြီး မဟုတ်တရုပ်တွေ ရေးသွားရင် တော့ ဒုက္ခ။ ကျွန်မရဲ blog ကလည်း အမှန်တွေကိုရေးတာ ဆိုတော့ အမှန်တွေကို ဖျက်ဆီးဖို ကြိုစားနေတဲ ဒီနိုင်ငံ မှာနေတဲ့ ကျွန်မ အဖို့ အရမ်း အန္တာရယ်များ ပါတယ်။ ဟိဟိ… ဘယ်သူမှ မပြောပြနဲနော် ကျွန်မဒါတွေ ရှောက်ရေးတာ မေမေ သိရင်ဆူမှာ။ မေမေ ကကျွန်မကို ပြောတယ် “နင် ပညာကိုဆုံးခန်တိုင်အောင် သင်ပြီးမှ နင်လုပ်ချင် ရာလုပ်တဲ၊ အခုလိုဘာမဟုတ် တဲ ကလေးတစ်ယောက်က ဟိုမရောက်ဒီမရောက် လျှောက်လုပ်ပြီးအဖမ်း ခံရရင် နင်သေတောင် ဘဲသူမှသိမှာ မဟုတ်ဘူးတဲ၊ နင် ပညာပြည်စုံသွားပြီး မှ အဲဒီပညာကိုအသုံးချပြီး နင့်ဆန္ဒနဲ့ အကျိုးရှိ အောင်လုပ်ရင်လူ တကာအလေးထားကြမယ်တဲ့”။ မေမေ ပြောတာမမှားပါဘူး တစ်ဖက် ကကြည့်ရင်မှန်သလိုရှိပေမဲ့ ကျွန်မဘက်ကကြည့်ရင်နည်းနည်း စောဒကတတ်လို့ရပါတယ်။ ကျွန်မက ဒီမိုကရေစီလိုချင်သူပီပီ အရမ်းအညင်းသန်တယ်လေ.........

Tuesday, February 12, 2008

ပြည်ထောင်စု နေ့


ရုံးပိတ်ရက်သာသိသော ပြည်ထောင်စုနေ့မှ အဓိပ္ပယ်ရှိသော ပြည်ထောင်စုနေ့ဆီသို့..........

Monday, February 11, 2008

ဝမ်းနည်းခြင်းမှ….ဝမ်းသားခြင်းသို့………………..


ကျွန်မဒီနေ class တစ်ခုပြီးတာနဲ့အိမ်ကိုပြန်လာတယ်။ ထုံးစံ အတိုင်း ကိုယ်ပိုင်ကားမရှိတဲ့(မစီးခြင်လို့ပါ) ကျွန်မ Bus car gate ကနေ Bus car စီးလားတယ်။ ဆူညံတဲအသံတွေနဲ့ အတူအခြေခံလူတန်းစားတွေရဲ ကြား မှာ ကျွန်မလည်းတစ်ယောက်အပါအဝင်ပါ။ ထူးထူးခြားခြား ကျွန်မဒီနေ့ Bus car မှာခုံရတယ်။ သုံး၊လေး ဂိတ် လောက်စီးလားတာ Bus car မှတ်တိုင်တစ်ခုရောက်တော့ “ဦလေးတို့၊ အစ်မကြီးတို့ရေ ကျွန်တော်ကို ကြည့်ကြ ပါ ကျွန်တော်ဘဝကဒီလိုဘဝပါ ကျွန်တော် ရှိကြီးခိုးပါတယ် ကျွန်တော်ကို မုန့်ဖိုးလေးနည်းနည်းလောက်ပေးပါ လား…………….” စသဖြစ်စကားသံကိုကျွန်မကြားလိုက်ရတယ်။ အသံလာ ရာဘက်ကို ကြည့်လိုက်တော့ လူလတ် ပိုင်းအရွယ်သန်မာတဲ့ယောက်ကျားတစ်ယောက်ပြောနေတာကို တွေလိုက်ရတယ်။ ခြေထောက်နှစ် ဖက်ပြတ်နေ ပေမဲ့ သူခြေထောက်နှစ်ဖက် ကိုအားပြုပြီးပြေးနေ ပါတယ်။ လူတစ်ယောက် သူကိုပိုက်ဆံပစ်ပေး လိုက်တော့ သူဦးတိုက်ပြီး ရှိခိုးပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံ မှာသူတောင်းစားတွေအရမ်းပေါတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါမေမဲ့ ဒီသူတောင်းစားက စစ်မူထမ်းဟောင်း ဝတ်စုံ ဝတ်ထားတယ်။ သြော်ဒီတစ်ယောက် နယ် ဝတ်စရာ ရှားလို့ ဒီစစ် ဝတ်စုံကိုဝတ်ရ လားလို့။ သူရဲ့ ဒီအသွင်အပြင်ဟာမြင်ရတဲ့လူတွေ အတွက် (အထူး သဖြင့် ကျွန်မအတွက်တော့) ဒီနိုင် ငံ အစိုးရရဲ့ မတရားမူ ၊ ညံဖျင်းမူ တွေကိုတန်းပြီး စဉ်းစား မိလိုက်ပါတယ်။ ကျွန်မရဲ့ အမျိုးတွေထည့်မှာ အစိုးရတာဝန်ထမ်းဆောင်ရတယ်သူတွေ အများကြီးရှိပါတယ်။ သူတို့တွေမှာ အမှန်တရား ကိုပြောခွင့် မရှိပါဘူး၊ ကိုယ် ပိုင်ဘဝဆိုတာလည်းမရှိပါဘူး ကျွန်သာသာ ပါဘဲ။ တာဝန်ထမ်းဆောင် နေရင် သူတိုသေဆုံသွားရင်တောင် ရော်ကြေးရဖို့နေနေသာသာ အလောင်းတောင် ဘယ်နာသွား ကောက်ရမ လဲမသိတဲ ဘဝ။ ဒီလိုလူအခွင့်အရေးတွေဆုံး ရှုံးပြီး လူချင်းအတူတူ အမှန်ကိုပြောခွင့်မရှိ တဲနိုင်ငံမှာကျွန်မ ကြီး ပြင်လားတာ ကျွန်မဝမ်းနည်းမိပါတယ်။ ဒီသူတောင်းစာဘဲမဟုတ်ပါဘူး ကျွန်မရော အတူတူပါဘဲ။ သိမ်ဖျင်း တဲအုပ်ချုပ်မူနဲ့ အမှောင်အတိရှိတဲပညာရေး စနစ်အောက်မှာ အညွှန့်တုံးလားတဲလူငယ်တစ်ရောက် ပါ။ ဒါပေမဲ့ အခုကျွန်မရဲ့ အညွှန့်တွေပြန် ထွက်လာ ပါပြီး ကျွန်မ အမှန်တရားကို ပြောရဲ၊ဆိုရဲ၊ ဖွင့်ပြရဲ တဲ့လူငယ်တစ်ယောက် ဖြစ်လာပါပြီး။ အဲတာကြောင့် အခုကျွန်မ တစ်နေ့ကြရင် ငါတို့မျှော့်လင့်ထား တဲ့တရားမျှတပြီး လူအခွင့်အရေး အပြည့်အဝရရှိတဲ့ ဗမာနိုင်ငံရဲ့ပန်းတိုင်ကိုတွေရင်း ဝမ်းသားနေမိပါပြီး………………………

Sunday, February 10, 2008

ရင်ထဲကစဉ်းစာမိတာ


ကျွန်မ မွေးခဲ့ရသောဒီနိုင်ငံကို ကျွန်မ ချစ်ပါသည်။ ဒီမြေကိုချစ်ပါတယ် ဒီလူမျိုးကိုချစ်ပါတယ်။ ကျွန်မအသက် အနှစ် နှစ်ဆယ်တိုင်တိုင် ပြည်တော့မယ်။ လွတ်လပ်ခြင်း အရသာကိုအခုထက်ထိမရသေးပါဘူး။ မြင်ရပါတယ် ဆင်းရဲခြင်း တွေ။ ခံရပါတယ်သောကတွေ။ တွေ့ရပါတယ် မတရားစော်ကားမူတွေ။ ပေးခဲ့ရပါတယ် အားထုတ်ကြိုပမ်းမူတွေ။ ယုံခဲ့ရပါတယ် အမှားတွေ ကို။ ခေါင်းငုံခံခဲ့ရပါတယ် သူတို့တွေရဲ့ အော်ငေါက်မူတွေကို။ လျှေက်ခဲ့ရပါတယ် ချီတက်ပွဲတွေ။ ကျိုးပဲ့ခဲ့ရပါတယ် ရင်ထဲမှာရော အပြင်မှာရော။ ပေဆပ်ခဲ့ရပါတယ် သွေးတွေ၊ချွေးတွေ၊ အသက်ပေါင်း များစွာတွေ။ ဒါတွေကိုလူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မကစက်ရုပ်တစ်ရုပ်လိုဘာမှမသိသလိုနေရမှာလား။ ကျွန်မ မှာလေ လူသားတစ်ယောက်မှာရှိတဲ့ အမှန်ကိုမြင်တတ်တဲ ဦးနှေက်နဲ့ ကြင်နာတတ် တဲ့နှလုံးသားတစ်စုံ ရှိပါတယ်........................။

ကျွန်မရဲ အဘိုးဆီသို့..........


၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ရှေ့နေ ဦးဖ၊ အမိဒေါ်စု တို့မှ ဖွားမြင်ခဲ့ သော မောင်ထိန်လင်း အမည် ရှိ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအား တိုင်းတပါးကျွန်အဖြစ်မှကယ်တင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဆုံးပါးသွားတာ ကြာညောင်းပြီဖြစ်သော်လည်း ဗိုလ်ချုပ်သည် သမီးတို့ရင်ထဲတွင်ထာဝရရှိနေပါတယ်။ယခုလာမည်ဖေဖော်ဝါရီလ ၁၃ ရက်နေတွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၃နှစ်မြောက်မွေးနေ့ ကိုချစ်မြတ်နိုးစွာဖြင့် ကြိုဆိုလိုက်
ပါတယ်.........................................