Monday, February 11, 2008

ဝမ်းနည်းခြင်းမှ….ဝမ်းသားခြင်းသို့………………..


ကျွန်မဒီနေ class တစ်ခုပြီးတာနဲ့အိမ်ကိုပြန်လာတယ်။ ထုံးစံ အတိုင်း ကိုယ်ပိုင်ကားမရှိတဲ့(မစီးခြင်လို့ပါ) ကျွန်မ Bus car gate ကနေ Bus car စီးလားတယ်။ ဆူညံတဲအသံတွေနဲ့ အတူအခြေခံလူတန်းစားတွေရဲ ကြား မှာ ကျွန်မလည်းတစ်ယောက်အပါအဝင်ပါ။ ထူးထူးခြားခြား ကျွန်မဒီနေ့ Bus car မှာခုံရတယ်။ သုံး၊လေး ဂိတ် လောက်စီးလားတာ Bus car မှတ်တိုင်တစ်ခုရောက်တော့ “ဦလေးတို့၊ အစ်မကြီးတို့ရေ ကျွန်တော်ကို ကြည့်ကြ ပါ ကျွန်တော်ဘဝကဒီလိုဘဝပါ ကျွန်တော် ရှိကြီးခိုးပါတယ် ကျွန်တော်ကို မုန့်ဖိုးလေးနည်းနည်းလောက်ပေးပါ လား…………….” စသဖြစ်စကားသံကိုကျွန်မကြားလိုက်ရတယ်။ အသံလာ ရာဘက်ကို ကြည့်လိုက်တော့ လူလတ် ပိုင်းအရွယ်သန်မာတဲ့ယောက်ကျားတစ်ယောက်ပြောနေတာကို တွေလိုက်ရတယ်။ ခြေထောက်နှစ် ဖက်ပြတ်နေ ပေမဲ့ သူခြေထောက်နှစ်ဖက် ကိုအားပြုပြီးပြေးနေ ပါတယ်။ လူတစ်ယောက် သူကိုပိုက်ဆံပစ်ပေး လိုက်တော့ သူဦးတိုက်ပြီး ရှိခိုးပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံ မှာသူတောင်းစားတွေအရမ်းပေါတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါမေမဲ့ ဒီသူတောင်းစားက စစ်မူထမ်းဟောင်း ဝတ်စုံ ဝတ်ထားတယ်။ သြော်ဒီတစ်ယောက် နယ် ဝတ်စရာ ရှားလို့ ဒီစစ် ဝတ်စုံကိုဝတ်ရ လားလို့။ သူရဲ့ ဒီအသွင်အပြင်ဟာမြင်ရတဲ့လူတွေ အတွက် (အထူး သဖြင့် ကျွန်မအတွက်တော့) ဒီနိုင် ငံ အစိုးရရဲ့ မတရားမူ ၊ ညံဖျင်းမူ တွေကိုတန်းပြီး စဉ်းစား မိလိုက်ပါတယ်။ ကျွန်မရဲ့ အမျိုးတွေထည့်မှာ အစိုးရတာဝန်ထမ်းဆောင်ရတယ်သူတွေ အများကြီးရှိပါတယ်။ သူတို့တွေမှာ အမှန်တရား ကိုပြောခွင့် မရှိပါဘူး၊ ကိုယ် ပိုင်ဘဝဆိုတာလည်းမရှိပါဘူး ကျွန်သာသာ ပါဘဲ။ တာဝန်ထမ်းဆောင် နေရင် သူတိုသေဆုံသွားရင်တောင် ရော်ကြေးရဖို့နေနေသာသာ အလောင်းတောင် ဘယ်နာသွား ကောက်ရမ လဲမသိတဲ ဘဝ။ ဒီလိုလူအခွင့်အရေးတွေဆုံး ရှုံးပြီး လူချင်းအတူတူ အမှန်ကိုပြောခွင့်မရှိ တဲနိုင်ငံမှာကျွန်မ ကြီး ပြင်လားတာ ကျွန်မဝမ်းနည်းမိပါတယ်။ ဒီသူတောင်းစာဘဲမဟုတ်ပါဘူး ကျွန်မရော အတူတူပါဘဲ။ သိမ်ဖျင်း တဲအုပ်ချုပ်မူနဲ့ အမှောင်အတိရှိတဲပညာရေး စနစ်အောက်မှာ အညွှန့်တုံးလားတဲလူငယ်တစ်ရောက် ပါ။ ဒါပေမဲ့ အခုကျွန်မရဲ့ အညွှန့်တွေပြန် ထွက်လာ ပါပြီး ကျွန်မ အမှန်တရားကို ပြောရဲ၊ဆိုရဲ၊ ဖွင့်ပြရဲ တဲ့လူငယ်တစ်ယောက် ဖြစ်လာပါပြီး။ အဲတာကြောင့် အခုကျွန်မ တစ်နေ့ကြရင် ငါတို့မျှော့်လင့်ထား တဲ့တရားမျှတပြီး လူအခွင့်အရေး အပြည့်အဝရရှိတဲ့ ဗမာနိုင်ငံရဲ့ပန်းတိုင်ကိုတွေရင်း ဝမ်းသားနေမိပါပြီး………………………

No comments: