မေတ္တာစိတ် |
| ![]() နိမ့်ကျသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့ . . . ![]() | |
မေတ္တာစိတ်သည်လျို့ဝှက်ခြင်းနှင့် ကင်းစေလော့
ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ ရှာကြလော့
ကောင်းမွန်သောအမှုတွင် မှီဝဲဆည်းကပ်ကြလော့
ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့
တယောက်ကိုတယောက်စုံမက်ကြလော့
ချီးမွမ်းခြင်းအရာမှာ သူတပါးကို ကိုယ်ထက်ချီးမွမ်းကြလော့
အားထုတ်ခြင်းအရာမှာပျင်းရိခြင်းမရှိပဲလျှက်စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍အားထုတ်ကြလော့
မျှော်လင့်လျှက်ဝမ်းမြောက်ကြလော့
ဆင်းရဲဒုက္ခရောက်သောအခါသည်းခံကြလော့
ဆုတောင်းပဌနာပြုခြင်းအမှုကိုအမြဲပြုကြလော့
အာဂန္တုတို့အားဧည့်သည်ဝတ်ကိုကြိုးစား၍ပြုကြလော့
သင်တို့ကိုညှင်းဆဲသောသူတို့အဖို့မေတ္တာပို့ကြလော့
ကျိန်ဆဲခြင်းကိုမပြု မေတ္တာပို့ခြင်းကိုသာပြုကြလော့
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်းကိုလည်းကောင်း
ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကိုလည်းကောင်းပြုကြလော့
အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိကြလော့
ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်
နိမ့်ကျသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့
ငါသည်ပညာရှိ၏ဟုကိုယ်ကိုမထင်ကြနှင့်
အဘယ်သူကိုမျှရန်တုံ့မမူကြနှင့်
သင်တို့သည်တတ်နိုင်သည်အတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့
သူတပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်...
ရောမသြ၀ါဒစာ အခဏ်းကြီး၁၂၊ အခဏ်းငယ် ၉ မှ ၁၉

No comments:
Post a Comment